လေ့လာနိုင်မည့်အချိန်များ

ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့ မှ သောကြာနေ့ များတွင်
နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ
လာရောက်လေ့လာနိုင်ပါသည်။

တည်နေရာ

လေ့လာနိုင်သည့်နေရာများ

Gallery Thumb 8 Gallery Thumb 1 Gallery Thumb 2 Gallery Thumb 3 Gallery Thumb 4 Gallery Thumb 5 Gallery Thumb 6 Gallery Thumb 7 Gallery Thumb 9 Gallery Thumb 10 Gallery study-11 Gallery study-12

လာရောက်လေ့လာရန် လျှောက်ထားနိုင်မည့် လိပ်စာများ

-   ပြည်သူများလာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး အသီးသီးရှိ ညွှန်ကြားရေးမှူးချုပ်များထံသို့လိပ်မူ၍ သုံးရက်ကြိုတင် ပေးပို့ရပါမည်။ Online မှတဆင့် လျှောက်ထားမည်ဆိုပါကလည်း လွှတ်တော်ရုံးအသီးသီးသို့ သုံးရက်ကြိုတင် ပေးပို့ရပါမည်။ စာ၊ အီးမေး၊ ဖက်စ်ဖြင့်လည်း ပေးပို့နိုင်ပြီး လူအမည်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ပတ်စ်ပို့နံပါတ်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ယာဉ်အမှတ်နှင့် ယာဉ်မောင်းစာရင်းများ ပူးတွဲပေးပို့ရပါမည်။ လေ့လာသူများအနေဖြင့် လွှတ်တော်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန်လိုအပ်ပါသည်။

-   ခရီးသွား Tours ကုမ္ပဏီများမှ နိုင်ငံခြားသားဧည့်သည်များအား လွှတ်တော်သို့ လေ့လာရေး ပို့ဆောင်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တဆင့် ဆက်သွယ်ဆောင်ရွက်ရပါမည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးများသို့ သုံးရက်ကြိုတင်ပေးပို့ရပါမည်။

လာရောက်လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ

  • လွှတ်တော် ဝင်/ထွက် ဂိတ်များနှင့် အစည်းအဝေးခန်းမဝင်ပေါက်တွင် လုံခြုံရေးအရ စစ်ဆေးခြင်း ကို ကြည်ဖြူစွာ ခံယူရမည်။
  • လွှတ်တော်အစည်းအဝေးခန်းမအတွင်းသို့ တက်ရောက်လေ့လာစဉ် မှတ်သားစရာစာအုပ်နှင့် ဘောပင်မှလွဲ၍ Phone ၊ Camera စသည့် Electronic ပစ္စည်းများ ယူဆောင် အသုံးပြုခြင်း မပြုရ။
  • လွှတ်တော်ရုံးမှ ကန့်သတ်ထားသောနေရာများသို့ သွားလာခြင်းမပြုရ။
  • အစည်းအဝေး ခန်းမအတွင်းသို့ အစားအသောက်များ ယူဆောင်လာခြင်းမပြုရ။
  • လွှတ်တော်အစည်းအဝေး စတင်ကျင်းပပြုလုပ်ရန် နာယက ကြွရောက်လာစဉ်နှင့် ပြန်လည်ထွက်ခွါစဉ် ဧည့်သည်အားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနားမှူးမှ အားလုံး ထိုင်နိုင်ပါပြီဆိုမှ ထိုင်ပေးကြပါရန်။
  • အဆိုပါ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်အတွင်း ကိုယ်စားလှယ်များ လက်ခုပ်တီးသည့် အခါတွင် ဧည့်သည်များဖြစ်သည့်အတွက် လက်ခုပ်မတီးကြပါရန်နှင့် အစည်းအဝေး မရပ်နား၊ မပြီးဆုံးမီ အပြင်သို့လုံးဝထွက်ခွာခွင့်မပြု။
  • လေ့လာရေးစင်မြင့်တွင် နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက်ထိုင်ခြင်း၊ ရှေ့ခုံပေါ် ခြေထောက်တင်ခြင်း၊ စားပွဲပေါ်မှောက်အိပ်ခြင်း မပြုလုပ်ရ။
  • မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော ဝတ်စားဆင်ယင်မှုပုံစံကို ရှောင်ကြဉ်ရမည်။ (ဥပမာ ၊ စကတ်တို ၊ ဘောင်းဘီတို ၊ လည်ဟိုက်အင်္ကျီ ၊ လက်ပြတ်အင်္ကျီ စသည်တို့ မဝတ်ဆင်ရ။)
ဆက်သွယ်ရန်
ဖုန်းနံပါတ် − ၀၆၇-၅၉၁၃၀၉
email − visitorservices.pds@gmail.com, info@pds.hluttaw.mm