ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ရောက်ရှိ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Samdech Akka Moha Ponhea Chakrei Heng Samrin ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒီဇင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် ည ၁၁ ခွဲတွင်ရောက်ရှိကြသည်။

Read More

မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း သည် ဒီဇင်ဘာ ၁၈ ရက် ညနေ ၆ နာရီခွဲတွင် ဂျကာတာမြို့ရှိ Mulia Hotel ၌ အင်ဒိုနီးရှားနိုင်ငံ House of Representatives ဥက္ကဋ္ဌ H.E.Mr.Marzuki Alie နှင့် တွေ့ဆုံသည်။

Read More

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကဦးနန္ဒကျော်စွာနှင့်အဖွဲ့ ဥရောပသုံးနိုင်ငံလေ့လာရေးမှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကဦးနန္ဒကျော်စွာခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ဆွီဒင်၊ဒိန်းမတ်နှင့် နော်ဝေနိုင်ငံများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

Read More

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ရန်ကုန်ဇုန်) သေနတ်ပစ်၊ ဟော်ကီ၊ အလေးမပြိုင်ပွဲများနှင့် ကာယဗလပြိုင်ပွဲ ဆုပေးပွဲသို့ တက်ရောက်

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ရန်ကုန်ဇုန်)တွင်ကျင်းပလျက် ရှိသော သေနတ်ပစ်ပြိုင်ပွဲ၊ ဟော်ကီပြိုင်ပွဲ၊ အလေးမပြိုင်ပွဲနှင့် ကာယဗလပြိုင်ပွဲများသို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားသမား

Read More

၁၃၀ဝ ပြည့် ချောက်ရေနံမြေ အလုပ်သမားအရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတု အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း သဝဏ်လွှာပေးပို့

ဒီဇင်ဘာ ၁၁ ရက်( ၁၃၇၅ ခုနှစ် နတ်တော်လဆန်း ၉ ရက်)တွင် ကျင်းပသည့် ၁၃၀ဝ ပြည့် ချောက်ရေနံမြေ အလုပ်သမားအရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သဝဏ်လွှာပေးပို့သည်။

Read More

နှစ်နိုင်ငံလူမှုရေးနှင့် စီးပွားရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ ကျူမာလီဆိုင်ညဆွန်နှင့်အဖွဲ့တို့သည် ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံကြသည်။

Read More

ပြည်ထောင်စုလွှတ်တော် နာယက နှင့်ဇနီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းတွင် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း နှင့်ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်အားပေး ခဲ့ကြောင်းသတင်းရရှိသည်။

Read More

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းသည့် အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယက တက်ရောက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နေပြည်တော်၌ ရောက်ရှိနေသော လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျူမာလီဆိုင်ညဆွန် နှင့် ဇနီး မစ္စစ်ကေအိုဆိုင်ကျိုင်းဆိုင်ညဆွန်တို့အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့က ဒီဇင်ဘာ ၉ ရက်နေ့၌

Read More