ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့အစီအစဉ်ကျင်းပ နေပြည်တော် ဧပြီ ၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ် ၈ ခုဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီးနောက် အစည်းအဝေး (၁၈) ရက်မြောက်နေ့ အစီအစဉ်ကို ကြေညာသည်။ ဆက်လက်၍ အစည်းအဝေးသို့ မတက်ရောက် နိုင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်သည်။

ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် လစ်လပ်သွားသော အဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ် ချောင်းဆုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ဦးဉာဏ်လင်း ရွှေပြည်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား အဖွဲ့ဝင် အဖြစ် အစားထိုးဖွဲ့စည်းခြင်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် သဘောမတူသူ မရှိသည့် အတွက် လွှတ်တော်က အတည်ပြုကြောင်းကြေညာသည်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ၈ ခု တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ အဖြစ်ခန့်အပ်တာဝန်ပေးထားသော ကချင်ပြည်နယ် မှ ဗိုလ်မှူးကြီး သူရမျိုးတင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးဝေလင်း၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဦးဝင်းညွန့်၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ ဦးမြသိန်း၊ စိုက်ပျိုး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဦးHလအောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဦးနေဝင်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဒေါက်တာ သင်းလွင်၊ လူမှုရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် မှ ဗိုလ်မှူးကြီး အောင်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးသန်းနိုင်၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဦးစောမြင့်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဦးစိုးလှိုင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ ဦးစောပြည်သာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာ တင်ဝင်းကျော်၊ လူမှုရေးဝန်ကြီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဦးစိုးဦး ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဦးကမ်ဇာမုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဦးသန်းညွန့်ဝင်း၊ လျှပ်စစ်နှင့် စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးမြင့်ကြည်၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝင်း၊ လူမှုရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး မှ ဗိုလ်မှူးကြီး ဇော်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးဖြိုးဝင်းထွန်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဦးဟိုပင်၊ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ဦးမြင့်မောင်၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဦးကြည်လှိုင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဦးမြင့်စန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မှ ဗိုလ်မှူးကြီးနိုင်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးတင်နွယ်ဦး၊ ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဦးစိုးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေါက်တာခင်မောင်အေး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဦးဇော်မင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဦးမြင့်ဇော်၊ အလုပ်သမား၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေး တိုင်းဒေသကြီး မှ ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒေါက်တာစိုးသန်း(ခ) ဦးကျော်စိုးသန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဦးဇာနည်အောင်၊ လျှပ်စစ်၊ စွမ်းအင် နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဦးမျိုးသစ် (ခ) ဦးပါလေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဦးမြတ်သူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒေါက်တာ ရဲလွင်၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ် မှ ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဦးမင်းထင်အောင်ဟန် ၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၊ ဒေါက်တာထိန်လင်း၊ လူမှုရေးဝန်ကြီးဌာန၊ ဦးထွန်းဌေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒေါက်တာ မင်းကြည်ဝင်း(ခ) နိုင်ကြည်ဝင်း ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဦးဝဏ္ဏကျော်၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မှ ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဦးဟံထွန်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒေါ်နီလာကျော်၊ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီးများ၏စာရင်းကို လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က မှတ်တမ်းတင်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသော ဦးဖေဇင်ထွန်း (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)၊ ဒေါက်တာမျိုးသိမ်းကြီး (ပညာရေး ဝန်ကြီးဌာန)၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတို့သည် ပြည်ထောင်စု လွှတ်တော် နာယက ၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အစည်းအဝေး (၁၈) ရက်မြောက်နေ့ ရပ်နားကြောင်နှင့် (၁၉) ရက်မြောက်နေ့ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ထပ်မံအသိပေး မည်ဖြစ်ကြောင်း ကြေညာသည်။

Related Posts: