ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်တို့အား အမှူးထား၍ စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားများကျင်းပ နေပြည်တော် ဧပြီ (၅)

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်တို့အား အမှူးထား၍ စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားများကျင်းပ နေပြည်တော် ဧပြီ (၅)

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ဇနီး ဒေါ်ခင်လေးသက်နှင့် အလှူရှင် တို့က နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အတွင်းရှိ ပြည်သူများ၏ သားလှရတနာ ရှင်သာမဏေလောင်း (၅၇၇) ပါးတို့အား ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် မြတ်ဗုဒ္ဓ၏ သာသနာ တော်အတွင်း ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခြင်း စုပေါင်းရှင်ပြုပွဲကို ဇေယျာသီရိမြို့နယ်အတွင်း ဧပြီ(၃)ရက်မှ (၆) ရက်အထိ (၄) ရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။

ဧပြီ(၃) ရက် နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အလှူတော်မင်္ဂလာ မဏ္ဍပ်၌ရှင်သာမဏေလောင်း (၁၆၇) ပါးတို့အား ရှင်သာမဏေအဖြစ် သွတ်သွင်း ချီးမြှောက်ခဲ့ သည်။

အလားတူ ဧပြီ (၄) ရက် နံနက်ပိုင်းတွင် ကျောက်ချက်ကျေးရွာ ဓမ္မသုခ လယ်ပြင်ဦး ကျောင်းတိုက်၌ ရှင်သာမဏေလောင်း (၉၇) ပါးတို့အား ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခဲ့သည်။

ထို့အတူ ဧပြီ (၅) ရက် ယနေ့နံနက်ပိုင်း တွင် ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာ ရွှေကျောင်း၌ ရှင်သာမဏေလောင်း (၁၉၅) ပါးတို့အား ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခဲ့သည်။

အလှူတော်မင်္ဂလာအဝင်နေ့များတွင် ညနေပိုင်း ၌ရှင်လောင်းလှည့်ခြင်း၊ ရှင်လောင်းများ ဆံချခြင်း၊ ရှင်သာမဏေများအား သင်္ကန်းတောင်း၊ သင်္ကန်းစည်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အလှူတော်မင်္ဂလာ နေ့များတွင် နံနက်ပိုင်း၌ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနှင့်အညီ ရှင်သာမဏေ များအား အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ ပင့်သံဃာများအား လှူဖွယ်ဝတ္ထုဆက်ကပ် လှူဒါန်းခြင်းနှင့် ရေစက်ချ တရားနာခြင်း၊ ပင့်သံဃာများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်း တို့ကို ပြုလုပ်ခဲ့သည်။

အလားတူ ဧပြီ (၆) ရက်နေ့ ဇေယျာသီရိမြို့နယ် နန်းဩကျေးရွာ ဝိဇ္ဇာသိပ္ပံကျောင်းတိုက်၌ ရှင်သာမဏေလောင်း (၁၁၈)ပါးတို့အား ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခြင်း အလှူတော် မင်္ဂလာတို့ကိုဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအလှူတော်မင်္ဂလာ အခမ်းအနားများသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ဇနီး ဒေါ်ခင်လေးသက်နှင့် အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လွှတ်တော် ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဇေယျာသီရိမြို့နယ်အတွင်းမှ ဒေသခံပြည်သူများ တက်ရောက် ကြည်ညိုခဲ့ကြသည်။


Related Posts: