ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြု

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြု

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီတွင်ဇေယျာသီရိမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တက်ရောက်အားပေးသည်။

အခမ်းအနားတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူ း ဗိုလ်ချုပ်မောင်မောင်အေး၊ နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ငါးဘာသာဂုဏ်ထူးရရှိသူ သုံးဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ လေးဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ခြောက်ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ၃၃ ဦး၊ ဂုဏ်ထူးရရှိအောင်သင်ကြားပေးသည့် ဆရာ ဆရာမများနှင့် စာမေးပွဲအောင်မြင်သူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဇေယျာသီရိမြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများကိုယ်စား ရေဆင်းအခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက အခြေခံပညာအထက်တန်းအဆင့် အောင်မြင်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးဖြင့် ခေတ်မီတိုးတက်သောနိုင်ငံ တည်ဆောက်အံ့ဟူသည့် ဆောင်ပုဒ်နှင့် အညီ ထူထောင်ကြရမည်ဖြစ်ကြောင်း၊ အကောင်းအဆိုး၊ အမှားအမှန်ဝေဖန်ပိုင်းခြားသိမြင်ပြီး ကောင်းအောင်မှန်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ မည်သည့်ပညာရေးစနစ်ကျင့်သုံးသည်ဖြစ်စေ ပညာရေးပတ်ဝန်းကျင်ကောငး်ရှိရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများသည် ကျောင်းသားများကို ပညာတတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်သကဲ့သို့ ကျောင်းသားများကလည်း တတ်မြောက်အောင် သင်ယူရန် လိုအပ်ပါကြောင်း၊ ယင်းသို့သင်ကြားသင်ယူနိုင်ရန် မိဘ၊ ဆရာ၊ ကျောင်းသား စသည့် ပတ်ဝန်းကျင်ကောင်းသည် အရေးကြီးပါကြောင်း။

မိဘများသည် လက်ဦးဆရာများဖြစ်၍ ဂုဏ်ပြုခံကျောင်းသား ကျောင်းသူများနှင့်အတူ ဖိတ်ကြားဂုဏ်ပြုရခြင်းဖြစ်ကြောင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် အမျိုးသားပညာရေး ဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ဆရာ၊ မိဘများနှင့် ကောင်းမွန်သည့် ပညာရေးပတ်ဝန်းကျင်သည် အနာဂတ်မျှော်လင့်ချက်များဖြစ်သည့် ကျောင်းသား ကျောင်းသူများအတွက် အလွန်အရေးကြီးပြီး ကောင်းမွန်သည့် ပညာရေးပတ်ဝန်းကျင်ကို အမြဲပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း၊ အခြေခံပညာ အထက်တန်းဖြစ်သည့် တက္ကသိုလ်ဝင်တန်းသည် ကျောင်းသားကျောင်းသူတစ်ဦးအတွက် အရေးပါသည့် ဘဝလမ်းခရီး၊ ဘဝတက်လမ်းဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ပညာရည်မြင့်မားရန် အခြေခံပညာအဆင့်မှစ၍ ကောင်းမွန်သည့် ပညာရေးပတ်ဝန်းကျင်တွင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ အနန္တဂိုဏ်းဝင် ဆရာဆရာမများသည် ကျောင်းသား ကျောင်းသူများအား ကောင်းမွန်သည့် ကာယ၊ ဉာဏ၊ စာရိတ္တတရားများကို သင်ကြားပေးသွားရမည် ဖြစ်ပါကြောင်း။

မိမိတို့မိဘများအနေဖြင့်လည်း မိမိတို့၏သားသမီးများကို ကျောင်းသို့ လွှတ်ရုံဖြင့် တာဝန်ကျေပြီဟု မဆိုနိုင်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဘက်စုံထူးချွန်အောင် လေ့ကျင့်သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ ထွန်းပေါက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးစားပေးသည့် မိဘ၊ ဆရာ ဆရာမများနှင့် ပတ်ဝန်းကျင်ကိုလည်း ချီးမြှင့်ဂုဏ်ပြုပေးရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုသူသည် ပတ်ဝန်းကျင်၏ တန်ဖိုးမြင့်တက်လာသည်နှင့်အမျှ တန်ဖိုးမြင့်မားလာမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။



အလားတူ နံနက် ၇ နာရီခွဲတွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ ဆောက်လုပ်လှူ ဒါန်းသည့် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကျည်ထောင်အုပ်စု မွန်းတည့်ခွင်ကျးရွာရှိ အမှတ်(၁၃၁) အခြေခံပညာမူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အဆိုပါကျောင်းဝင်းအတွင်း ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတက်ရောက်အားပေးသည်။

အခမ်းအနားတွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမြင့်က ကျောင်းဆောင်သစ် ဆောက်လုပ်လှူ ဒါန်းမှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ် တည်ဆောက်မှုဆိုင်ရာ စာရွက်စာတမ်းများကို ဒုတိယမြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ် သည်။

ထို့နောက် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးထွန်းအောင်ဆန်းက ကျောင်းသုံး စာရေးကိရိယာများကို ပေးအပ်လှူ ဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ဆောက်လုပ်လှူ ဒါန်းသည့် ကျောင်းဆောင်သစ်၏ခံ့ညားသပ်ရပ်မှုသည် ကုမ္ပဏီ၏ စေတနာပင်ဖြစ်ကြောင်း၊ မှန်ကန်သည့် စေတနာ၊ မေတ္တာသည် အလျားအနံ အတိုင်းအတာ မရှိအကျိုးကို ဖြစ်ထွန်းစေပါကြောင်း၊ စေတနာ၊ မေတ္တာ အရင်းခံ၍ စည်းလုံးညီညွတ်စွာ ဆောင်ရွက်မှသာ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် မှန်ကန်သည့်စေတနာ၊ မေတ္တာတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံအတွက် ထူးချွန်သည့် နိုင်ငံ့သားကောင်းရတနာများ ပိုမိုဖြစ်ထွန်းပေါ်ပေါက်ပါစေဟု ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမြင့်၊ ဥတ္တရသီရိခရိုင် ပညာရေးမှူးတို့က နှစ်ထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ကမ္ပည်းမော်ကွန်းကို စက်ခလုပ်နှိပ်ဖွင့်လှစ်သည်။



ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ် ကမ္ပည်းမော်ကွန်းကျောက်စာတိုင် ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြပြီး နှစ်ထပ်ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်သည် အလျားပေ ၁၄၀၊ အနံပေ ၁၀ဝ ရှိ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံ ဖြစ်ပြီး ကျောင်းသားကျောင်းသူ ၁၈၅ ဦးတက်ရောက်ပညာသင်ကြားလျှက်ရှိကြောင်း သတင်းရရှိသည်။

Related Posts: