ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဦးနန္ဒကျော်စွာသည် ဥရောပသမဂ္ဂ၏ သံအမတ်ကြီးဖြစ်သူMr. Roland KOBIA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဦးနန္ဒကျော်စွာသည် ဥရောပသမဂ္ဂ၏ သံအမတ်ကြီးဖြစ်သူMr. Roland KOBIA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးနန္ဒကျော်စွာသည်ဥရောပသမဂ္ဂ၏ သံအမတ်ကြီးဖြစ်သူMr. Roland KOBIA ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကိုဇွန်လ ၁၇ ရက်နေ့ နံနက်(ဝ၉၀ဝ)နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ မြန်မာနိုင်ငံပြုပြင်‌ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂမှ အကူအညီပေးနိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာနှင့်အတူပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအတွင်းရေးမှူးဒေါ်ဒွဲဘူ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူးဦးကိုကိုထွန်း၊ ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူးဒေါက်တာမြဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

Related Posts: