ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေးကဏ္ဍဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေးကဏ္ဍဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီအစည်းအဝေး(၁၇/၂၀၁၄)ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၇ ရက် (အင်္ဂါနေ့) နံနက် ဝ၈၃၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အကြံပြုဆွေးနွေးရန် သတ်မှတ်ခွင့်ပြုထားသော လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ကော်မတီအစည်းအဝေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယနေ့အစည်းအဝေးအမှတ်စဉ်(၁၇/၂၀၁၄)၌ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေး ပုဒ်မ ၂၄၈ နှင့်စပ်လျဉ်း၍ စတင်ဆွေးနွေးခဲ့ကြောင်းနှင့် အစည်းအဝေးများကိုလွှတ်တော်အစည်းအဝေးများ မစတင်မီ နေ့စဉ် နံနက် ဝ၈၃၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Related Posts: