​ပါလီမန်ဘက်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

​ပါလီမန်ဘက်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်၏ အစီအစဉ်ဖြင့် အာဆီယံပါလီမန်များဆိုင်ရာ ညီလာခံ(AIPA)၊ ဂျာမန်ဖောင်ဒေရှင်း GIZ တို့ပူးပေါင်းဆောင်ရွက်သည့် ပါလီမန်ဘတ်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အလုပ်ရုံဆွေးနွေးပွဲ (Workshop on Parliamentary Budgeting and Transparency)ကို ဇွန်လ၂၁ ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ Hotel Royal ACE ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးနန္ဒကျော်စွာက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး AIPA အတွင်းရေးမှုးချုပ် MR.P.O.Ram နှင့် GIZ မှ Ms. Maureen Liwidjaja တို့ကအမှာစကားပြောကြားကြသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် ခေါင်းစဉ်ဆိုင်ရာများကိုအလုပ်ရုံ ဆွေးနွေးပွဲအကြံပေး Mr.Ian Lienert က ရှင်းလင်းတင်ပြကာ ဆွေးနွေးပွဲသို့တက်ရောက် လာကြသည့် AIPA အဖွဲ့ဝင်ခြောက်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် အကြောင်းအရာဆိုင်ရာများအပေါ် မိတ်ဆက်ရှင်းလင်းပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဦးမောင်တိုးခေါင်းဆောင်သည့် ကိုယ်စားလှယ်ခြောက်ဦး၊ AIPA အထွေထွေ အတွင်းရေးမှူးချုပ်၊ ဂျာမန်ဖောင်ဒေးရှင်း (GIZ) မှတာဝန်ရှိသူများ၊ AIPA အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများမှ လွှတ်တော် ဆိုင်ရာကိုယ်စာလှယ်များ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ တွင် လွှတ်တော်ဆိုင်ရာ ဘဏ္ဍာငွေးသုံးစွဲမှုနှင့် ပွင့်လင်းမြင်သာမှု ရှိမှု အခြေအနေဆိုင်ရာများအပေါ် AIPA အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ရှင်းလင်း တင်ပြဆွေးနွေးကြပြီး မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားချက်များ ပြုလုပ်ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးနန္ဒကျော်စွာက AIPA အထွေ ထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော်ဆိုင်ရာ ကိုယ်စားလှယ်များအား အဆိုပါဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၁ မှ ၂၂ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: