ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Hon.Mr.Hideo WATANABE ဦးဆောင်သောအဖွဲ့အား ဇွန်လ ၂၆ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ပြည်ထောင်စုလွှတ်တော်နာယကနှင့် အတူ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဦးကြည်ထွဋ်ဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Related Posts: