ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် နိုင်ငံတကာအဖွဲ့အစည်း International Institute for Democracy and Electoral Assistance (IDEA) မှ Mr. Tom Cormier ဦးဆောင်သည့် ကိုယ်စားလှယ်အဖ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် နိုင်ငံတကာအဖွဲ့အစည်း International Institute for Democracy and Electoral Assistance (IDEA) မှ Mr. Tom Cormier ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် IDEA က မြန်မာနိုင်ငံအတွက် ဆောင်ရွက်နေသည့် သုတေသနဆိုင်ရာ လုပ်ငန်းများ၊ IDEA ၏ နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုတေသနပြုဆောင်ရွက်နေသည့် အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဦးအေးမောက်နှင့် ဦးခင်မောင်ရီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကြည်ထွဋ်ဝင်း၊ ဦးစန်းလွင်၊ ဦးအေးဟန်၊ ဦးအောင်မြင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Related Posts: