ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း သြစတြေးလျဓနသဟာယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Ms. Julie Bishop ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း သြစတြေးလျဓနသဟာယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Ms. Julie Bishop ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း သည် သြစတြေးလျဓနသဟာယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Ms. Julie Bishop ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၃ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဒေါက်တာ ဝင်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံသံအမတ်ကြီး H.E. Ms. Bronte Moules လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

Related Posts: