ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း မီဒီယာသမားများအားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း၊ ပြည်သူ့လွှတ်တော်နိ်ုင်ငံသားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦးတို့နှင့်အတူ ပြည်တွင်း အခြေစိုက်နိ်ုင်ငံခြားသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ မီဒီယာသမား များအား ဇူလိုင်လ ၃ရက်နေ့ မွန်းလွဲ (၁၂) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင်သောင်းနှင့် ဦးဌေးဦးတို့က ပြည်တွင်းအခြေစိုက် နိ်ုင်ငံခြားသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာများနှင့် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ် (၁၉) ခုမှ အယ်ဒီတာနှင့် သတင်းထောက်စုစုပေါင်း (၄၂)ဦး တက်ရောက်ကြပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်နှင့် သဘောထားများ၊ လက်ရှိဖြစ်ပေါ် နေသောပြည်တွင်းရေးရာနှင့် လွှတ်တော်ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ ကြသည်။

Related Posts: