ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပ

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ၊ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင်များ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ တက်ရောက်ကြပြီး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက နည်းဥပဒေများ(မူကြမ်း)နှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် နာယက၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ကော်မရှင်အဖွဲ့ဝင်များထံ ဖြန့်ဝေခဲ့ကြောင်း၊ စုစည်းပြုစုထားသော နည်းဥပဒေများ(မူကြမ်း)ကို ထပ်မံလေ့လာ စိစစ်သွားရန်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးစိစစ်ချက်များကို အတည်ပြုချက်ရယူကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: