ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ဇူလိုင်လ ၁၄ရက်နေ့ မွန်းလွဲ (၂) နာရီတွင် ပြည်သူ့လွှတ်တော် ( C ) ဆောင်ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ဥပဒေကြမ်းများနှင့် စပ်လျဉ်းသော လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာ စကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဥပဒေကြမ်း၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ဥပဒေကြမ်း၊ မြန်မာ့လေကြောင်းဥပဒေကြမ်း၊ မြန်မာ့သတ္တုတွင်းဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများမှ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး ခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ သူရဦးအေးမြင့်၊ ဦးတီခွန်မြတ်၊ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးသိန်းလွင်၊ ဦးစောလှထွန်း၊ ဦးဝင်းမြင့် ၊ ဦးအောင်ကြိုင်၊ ဦးအေးဖေ၊ ဦးမျိုးဆွေ၊ အဖွဲ့ဝင် များဖြစ်ကြသည့် ဦးခိုင်မောင်ရည်၊ ဦးအောင်မြသန်း၊ ဦးသိန်းထွန်းဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ ဦးတင်ဝင်း၊ ဒေါ်လဲ့လဲ့ဝင်း၊ ဒေါ်မြမြဝင်း၊ ဒေါ်သင်းခိုင်တို့ တက်ရောက်ကြသည်။

Related Posts: