ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ် ၆

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ   နေပြည်တော်၊ ဩဂုတ် ၆

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြေသိမ်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက် ၁၃၀၀ နာရီချိန်တွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်မှ တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ အမျိုးသားလွှတ်တော်မှ တောင်သူလယ်သမားရေးရာ ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Related Posts: