ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ဒုတိယနေ့အစည်းအဝေးကျင်းပ နေပြည်တော် ဇွန် ၁၁

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ဒုတိယနေ့အစည်းအဝေးကျင်းပ   နေပြည်တော် ဇွန် ၁၁

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယနေ့ အစည်းအဝေးကို ၁၁-၆-၂၀၁၉ ရက် (အင်္ဂါနေ့) ၁၀၀၀ နာရီနှင့် ၁၃၀၀ နာရီတို့တွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေး၌ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာပါ ပြည်ထောင်စုဝန်ကြီးဌာန (၃)ခု၏ ရှင်းလင်းတင်ပြချက်များအပေါ် ပူးပေါင်းကော်မတီဝင်များက မေးမြန်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ပြည်သူ့ငွေစာရင်းကော်မတီဝင်များ၊ ပူးပေါင်းကော်မတီ၏ အကြံပေးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: