ပညာရေးဝန်ကြီးဌာနအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ကြုံတွေ့နေရသော အခက်အခဲ အတားအဆီးများ ဖြေလျှော့ဖယ်ရှားနိုင်ရေး လေ့လာဆန်းစစ်ချက် သုတေသနလုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ နေပြည်တော် ဇွန် ၅

ပညာရေးဝန်ကြီးဌာနအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ကြုံတွေ့နေရသော အခက်အခဲ အတားအဆီးများ ဖြေလျှော့ဖယ်ရှားနိုင်ရေး လေ့လာဆန်းစစ်ချက် သုတေသနလုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ   နေပြည်တော် ဇွန် ၅

Oxford Policy Management (OPM) အဖွဲ့မှ ပညာရေးဝန်ကြီးဌာနအတွက် ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွင် ကြုံတွေ့နေရသော အခက်အခဲအတားအဆီးများ ဖြေလျှော့ဖယ်ရှားနိုင်ရေး လေ့လာဆန်းစစ်ချက် သုတေသနလုပ်ငန်းစဉ်နှင့် ကြုံတွေ့နေရသော ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲ ကို ၅-၆-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ၁၄၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာနအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ကြုံတွေ့နေရသော အခက်အခဲအတားအဆီးများ ဖြေလျှော့ဖယ်ရှားနိုင်ရေး လေ့လာဆန်းစစ်ချက် သုတေသနလုပ်ငန်းစဉ်နှင့် ကြုံတွေ့နေရသော ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေအနေများနှင့်စပ်လျဉ်း၍ OPM မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြား၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များ၊ ပူးပေါင်းကော်မတီ၏ အကြံပေးများ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှုကော်မတီမှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ OPM အဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: