ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် အာရှပစိဖိတ်ဝိုင်နှင့် အရက်ထုတ်လုပ်တင်ပို့သူများအသင်း (APIWSA) တို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ နေပြည်တော် ဇွန် ၄

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် အာရှပစိဖိတ်ဝိုင်နှင့် အရက်ထုတ်လုပ်တင်ပို့သူများအသင်း (APIWSA) တို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ   နေပြည်တော် ဇွန် ၄

ပြည်သူ့ကျန်းမာရေး၊ တရားဉပဒေစိုးမိုးရေး၊ အခွန်ပြုပြင်ပြောင်းလဲမှုများနှင့်သက်ဆိုင်သည့် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ယစ်မျိုးနှင့်ပတ်သက်သည့် နည်းလမ်းကောင်းများ၊ အလေ့ကျင့်ကောင်းများဆိုင်ရာ တွေ့ရှိချက်များကို တင်ပြနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် အာရှပစိဖိတ်ဝိုင်နှင့် အရက်ထုတ်လုပ်တင်ပို့သူများအသင်း (APIWSA) တို့၏ တွေ့ဆုံဆွေးနွေးပွဲ ကို ၄-၆-၂၀၁၉ ရက် (အင်္ဂါနေ့) ၁၅၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အာရှပစိဖိတ်ဝိုင်နှင့် အရက်ထုတ်လုပ်တင်ပို့သူများအသင်း (APIWSA) မှ ပြည်သူ့ကျန်းမာရေး၊ တရားဉပဒေစိုးမိုးရေး၊ အခွန်ပြုပြင်ပြောင်းလဲမှုများနှင့်သက်ဆိုင်သည့် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ယစ်မျိုးနှင့်ပတ်သက်သည့် နည်းလမ်းကောင်းများ၊ အလေ့ကျင့်ကောင်းများဆိုင်ရာ တွေ့ရှိချက်များကို တင်ပြနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ အတွင်းရေးမှူးတွဲဖက်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ပူးပေါင်းကော်မတီ၏ အကြံပေးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ပြည်သူ့ငွေစာရင်းကော်မတီဝင်များ၊ အာရှပစိဖိတ်ဝိုင်နှင့် အရက်ထုတ်လုပ်တင်ပို့သူများအသင်း (APIWSA) မှတာဝန်ရှိသူများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

Related Posts: