ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ နေပြည်တော် မေ ၁၆

ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ  နေပြည်တော် မေ ၁၆

ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစည်းအဝေးကို ၁၆-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) ၁၃:၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရန် ကော်မတီဝင်များက ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts: