AIPA/ IPU ပူးပေါင်းကော်မတီတို့၏ တွဲဖက်အစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၁၄

AIPA/ IPU ပူးပေါင်းကော်မတီတို့၏ တွဲဖက်အစည်းအဝေးကျင်းပ   နေပြည်တော်၊ မေ ၁၄

အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတို့၏ တွဲဖက်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ အပေါ်ထပ်၊ လွှတ်တော်သင်ကြားရေးဗဟိုဌာန၊ အခန်းအမှတ် (၁) ၌ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးစီး၍ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ AIPA ပူးပါင်းကော်မတီနှင့် IPU ပူးပေါင်းကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ကော်မတီလုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် ပြည်ပအစည်းအဝေး တက်ရောက်ခဲ့ကြသည့် သက်ဆိုင်ရာကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့ အကြုံများရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် အစည်းအဝေးကို ၁၆၁၅ နာရီတွင် ရုပ်သိမ်းခဲ့သည်။


Related Posts: