ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် အစည်းအဝေးကျင်းပ နေပြည်တော် မေ ၁၄

ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် အစည်းအဝေးကျင်းပ  နေပြည်တော် မေ ၁၄

ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ၁၄-၅-၂၀၁၉ ရက် (အင်္ဂါနေ့) ၁၀၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၈၂.၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ချေးငွေကိစ္စရပ်အပေါ် လွှတ်တော်၌ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts: