ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ နေပြည်တော်၊ မေ ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ   နေပြည်တော်၊ မေ ၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို အစီအစဉ်(၁၂)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မွန်ပြည်နယ်အစိုးရအဖွဲ့တွင် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလှထွန်း အား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ရုံးသုံးမော်တော်ယာဉ်(၅)စီး တင်သွင်းရာတွင် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်းအခြေခံအဆောက်အအုံ မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၃၈.၆၄၂ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Protocol of 1988 relating to the International Convention for the Safety of Life at Sea, 1974 တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဦးမြစိန်(ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်)၊ ဦးမောင်မောင်အုန်း (ဧရာ၀တီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၅)၊ ဦးတင်မောင်ဝင်း (ဆိပ်ကမ်းမဲဆန္ဒနယ်)နှင့် ဗိုလ်မှူးချစ်ညီညီ(တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) တို့က ဆွေးနွေးပြီးနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံ၊ NEDA ထံမှ ထိုင်းဘတ် ၁၄၅၈.၂၄၈ သန်း ချေးငွေရယူရေး နှင့်စပ်လျဉ်း၍ ဦးမောင်မောင်အုန်း(ဧရာ၀တီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၅)၊ ဦးခင်မျိုးဝင်း (တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၁၂)၊ ဦးအေးနိုင်(ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်)နှင့် ဒေါက်တာခွန်ဝင်းသောင်း(ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁၁)တို့က ဆွေးနွေးသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၉)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၁၆)ဦးတို့က စတင်ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၅:၀၅)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး ဆဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၃ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: