ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၁၉) ကျင်းပ နေပြည်တော် ဧပြီ ၁၉

ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၁၉) ကျင်းပ   နေပြည်တော် ဧပြီ ၁၉

လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အစည်းအဝေးသို့ တက်ရောက်လာကြသူအားလုံး ၁၃၈၁ ခုနှစ် မြန်မာနှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးများကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယင်းလွှတ်တော်အစည်းအဝေးများတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ လွှတ်တော်အသီးသီးတွင် ဆောင်ရွက်နေဆဲဖြစ်သည့် ဥပဒေကြမ်းနှင့် အခြားသောလွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာလုပ်ငန်းတာဝန်အလိုက် ဆွေးနွေးညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက်ပါက ယခင်လွှတ်တော်အစည်းအဝေးများကဲ့သို့ အောင်မြင်စွာကျင်းပနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအသီးသီးကို တာဝန်ယူထားကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: