ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဥရောပသမဂ္ဂ ရွေးကောက်ပွဲ နောက်ဆက်တွဲ လေ့လာရေးအဖွဲ့(EFM)၏ ခေါင်းဆောင် Mr. Alexander Graf Lambsdorff အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဧပြီ ၃

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်   ဥရောပသမဂ္ဂ ရွေးကောက်ပွဲ နောက်ဆက်တွဲ လေ့လာရေးအဖွဲ့(EFM)၏ ခေါင်းဆောင် Mr. Alexander Graf Lambsdorff အား လက်ခံတွေ့ဆုံ   နေပြည်တော်၊ ဧပြီ ၃

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ဥရောပသမဂ္ဂ ရွေးကောက်ပွဲ နောက်ဆက်တွဲ လေ့လာရေးအဖွဲ့(EFM)၏ ခေါင်းဆောင် Mr. Alexander Graf Lambsdorff အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ လေ့လာသုံးသပ်ချက်များနှင့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများ၌ မဲပေးပိုင်ခွင့်ရှိသူများ၏ အခွင့်အရေးဆုံးရှုံးမှုမရှိစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ ကွဲလွဲမှုမရှိစေရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စိစစ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဉီးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဥရောပသမဂ္ဂ ရွေးကောက်ပွဲနောက်ဆက်တွဲလေ့လာရေးအဖွဲ့(EFM) နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt လည်း တက်ရောက်ခဲ့သည်။

Related Posts: