၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ နေပြည်တော် မတ် ၂၁

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ  နေပြည်တော် မတ် ၂၁

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အစည်းအဝေးကို ၂၁-၃-၂၀၁၉ ရက် (ကြာသပတေးနေ့) ၁၄:၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ ပညာရေး ဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီဝင်များက မေးမြန်း၍ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖြေကြားဆွေးနွေး ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပြည်သူ့ငွေစာရင်းကော်မတီဝင်များ၊ ပူးပေါင်း ကော်မတီ၏အကြံပေးများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။




Related Posts: