၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ နေပြည်တော် မတ် ၁၉

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ   နေပြည်တော် မတ် ၁၉

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယနေ့ အစည်းအဝေးကို ၁၉-၃-၂၀၁၉ ရက် (အင်္ဂါနေ့) ၁၀၀၀ နာရီနှင့် ၁၃၀၀ နာရီတို့တွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီဝင်များက ဆက်လက်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁) ဦးအောင်မင်း၊ အတွင်းရေးမှူးနှင့် ပူးပေါင်းကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပြည်သူ့ငွေစာရင်းကော်မတီဝင်များ၊ ပူးပေါင်းကော်မတီ၏ အကြံပေးများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: