ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ မတ် ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော်၊ မတ် ၁၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို အစီအစဉ် (၈)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးမြို့တွင် ပုဂ္ဂလိကကုမ္ပဏီများက ပြုလုပ်နေသည့် ကျောက်စိမ်းအရိုင်းပြပွဲများ၏ အခွန်ငွေပေးဆောင်မှုအခြေအနေတိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၅/၂၀၁၉) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အထက်ပါအစီရင်ခံစာ (၅/၂၀၁၉) ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်မင်း (ဇလွန်မဲဆန္ဒနယ်) က အဆိုတင်သွင်းပြီးနောက် လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇)ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၄)ဦး ၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးတို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို (၁၆:၀၅)နာရီအချိန်တွင် ရပ်နားလိုက်ပြီး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉ခုနှစ် မတ်လ ၁၅ ရက် (သောကြာနေ့ )နံနက် (၁၀) နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: