ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း Center for Asian Legal Exchange မှ လေ့လာရေးအဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း Center for Asian Legal Exchange မှ လေ့လာရေးအဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လွှတ်တော်သို့ လေ့လာရေးခရီး လာရောက်ကြသည့် Center for Asian Legal Exchange မှ Assistant Professor , Ms. Emi Makino နှင့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် လွှတ်တော်ရေးရာဆောင် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အထူးကော်မရှင်ဥက္ကဋ္ဌမှ ကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် ဥပဒေရေးရာကိစ္စရပ်များအပေါ် ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများမှ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အထူးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ ဦးကျော်စိန်၊ ဦးစန်းလွင်၊ ဒေါက်တာသီတာဦး၊ ဒေါ်သင်းခိုင်၊ ဒေါ်သန်းသန်းရီနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts: