ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၅

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ   နေပြည်တော် ဖေဖော်ဝါရီ ၅

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို အစီအစဉ်(၆)ခုဖြင့် ကျင်းပသည်။

အစီအစဉ်အရ ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)က တင်သွင်းသည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို ဒေါ်သန္တာ(အိမ်မဲမဲဆန္ဒနယ်)၊ ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်)၊ ဒေါ်ထုမေ(ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁၁)၊ ဦးစိုးဌေး(ကော့ကရိတ်မဲဆန္ဒနယ်)၊ ဦးဝေစိန်အောင်(ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁)၊ ဦးလားလ်မင်းထန် (ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်-၁၀)၊ ဦးစိုင်းထွန်းအေး(မိုင်းရှူးမဲဆန္ဒနယ်)၊ ဦးဝင်းကြိုင်(ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၁၀)၊ ဦးစိန်ဝင်း(မအူပင်မဲဆန္ဒနယ်)နှင့် ဒေါ်မိကွန်ချမ်း(ပေါင်မဲဆန္ဒနယ်)တို့က ဆွေးနွေးကြသည်။


ဆက်လက်၍ ဦးတင်အေး(မက်မန်းမဲဆန္ဒနယ်)၊ ဦးမြင့်နိုင်(ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၅)၊ ဒေါ်နီနီမေမြင့်(တောင်ကုတ်မဲဆန္ဒနယ်)၊ ဦးဦးလှစော(မြောက်ဦးမဲဆန္ဒနယ်)၊ ဦးလှဦး(စစ်ကိုင်းတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်-၄)၊ ဦးသောင်းအေး(ပျော်ဘွယ်မဲဆန္ဒနယ်)၊ ဦးညီစိန်(ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်-၅)၊ ဦးနေလင်းအောင်(မင်းတပ်မဲဆန္ဒနယ်)၊ ဦးတင်အောင်ထွန်း(မကွေးတိုင်းဒေသ ကြီးမဲဆန္ဒနယ် အမှတ်-၅)၊ ဦးဆီဟူးဒွေ့(ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်-၂)၊ ဦးလမာနော်အောင် (အင်ဂျန်းယန်မဲဆန္ဒနယ်)၊ ဦးကျော်အောင်လွင်(စေတုတ္တရာမဲဆန္ဒနယ်)၊ ဦးသိန်းထွန်း (ကျောင်းကုန်းမဲဆန္ဒနယ်)၊ ဦးနိုင်သီဟ(မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်-၇)၊ ဒေါက်တာခွန်ဝင်းသောင်း (ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်-၁၁)၊ ဦးစိုင်းသန့်ဇင်(သီပေါမဲဆန္ဒနယ်)၊ ဒေါ်ဝင့်ဝါထွန်း (ရှားတောမဲဆန္ဒနယ်)၊ ဦးစိုင်းဦးခမ်း(သိန္နီမဲဆန္ဒနယ်)၊ ဦးဝင်းထူး(နမ့်ဆန်မဲဆန္ဒနယ်)နှင့် ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃)တို့က ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ( ၁၄:၃၅ ) နာရီအချိန်တွင် ရပ်နားလိုက်ပြီး ဆဋ္ဌမနေ့ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: