အာဆီယံပါလီမန်များအထွေထွေညီလာခံဆိုင်ရာ အစည်းအဝေး (၁/၂၀၁၉) ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၄

အာဆီယံပါလီမန်များအထွေထွေညီလာခံဆိုင်ရာ အစည်းအဝေး (၁/၂၀၁၉) ကျင်းပ   နေပြည်တော်၊ ဖေဖော်ဝါရီ ၄

အာဆီယံပါလီမန်များအထွေထွေညီလာခံဆိုင်ရာ အစည်းအဝေး (၁/၂၀၁၉) ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ အခန်းအမှတ်(၇)၌ ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးသို့ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း နှင့် ပူးပေါင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် “အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများ (AIPACODD) ဆိုင်ရာ ဒုတိယအကြိမ်မြောက် AIPA Advisory Council အစည်းအဝေး” နှင့် ASEANSAI၊ ASEAN နှင့် AIPA တို့ပူးပေါင်းကျင်းပမည့် ဆွေးနွေးပွဲ ဖိတ်ကြားခြင်းတို့နှင့်စပ်လျဉ်းဆွေးနွေးခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းဆိုင်ရာ စာတမ်းတိုအား တင်ပြဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးကို (၁၅:၀၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။


Related Posts: