ဒုတိယအကြိမ်လွှတ်တော်၏ (၃) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁

ဒုတိယအကြိမ်လွှတ်တော်၏ (၃) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်လွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း ထမင်းစားခန်းမကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က တက်ရောက်အမှာ စကားပြောကြားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အမှာစကားပြောကြားပြီး လွှတ်တော်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့သည် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။ ဂုဏ်ပြုနေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ခင်မင်ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ပြီး လွှတ်တော်သဘင်ဆောင်၌ ပြသသည့် “နောင်တွင်ဥဒါန်း တွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးသည်။

Related Posts: