ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ   နေပြည်တော် ဖေဖော်ဝါရီ ၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို အစီအစဉ်(၇)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ဦးကျော်ကျော်ဝင်း အား စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးလဆိုင်း အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးနော်လီ(ခေါ်) ဇခေါင်ခမ်းရယ် အား စည်ပင်သာယာရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ ၆ လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂၀၁၉) တို့နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်(၈)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၁:၀၀)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး ပဉ္စမနေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: