ပြည်ထောင်စုလွှတ်တော်ရုံး ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း နေပြည်တော်၊ ဇန်နဝါရီ ၁၂

ပြည်ထောင်စုလွှတ်တော်ရုံး ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း နေပြည်တော်၊ ဇန်နဝါရီ ၁၂

ပြည်ထောင်စုလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး ( ၂၂) နေရာ (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) တွင် ခန့်ထားရန်အတွက် အောက်ဖော်ပြပါ သတ်မှတ်ချက် နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။

လျှောက်ထားသူများသည် လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ရုံးအမှတ် (၂၀) နေပြည်တော်သို့ လိပ်မူ၍ ရုံးဖွင့် ရက်များတွင် ၀၉၀၀ နာရီ မှ ၁၆၃၀ နာရီ အတွင်း လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တဆင့်သော်လည်းကောင်း ၂၄-၁-၂၀၁၉ ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

ဖြေဆိုခွင့် ရရှိသူများစာရင်း ကို ပြည်ထောင်စုလွှတ်တော် Website နှင့် Facebook Page တို့တွင် ၂၈-၁-၂၀၁၉ ရက် (တနင်္လာနေ့) ညနေပိုင်းမှ စ၍ ကြေညာမည် ဖြစ်သည်။

စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၁-၂-၂၀၁၉ ရက် (သောကြာနေ့) မှ စ၍ ရုံးအမှတ်၊ (၂၀) နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ပေးသွားမည် ဖြစ်သည်။

အရည်အချင်းစစ်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတ ဘာသာရပ်များကို ၂-၂-၂၀၁၉ ရက် (စနေနေ့) နံနက် ၀၉၀၀ နာရီ မှ ၁၂၀၀ နာရီ အထိ ပြည်ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်၌ ဖြေဆိုရမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ စီမံရေးဌာနကြီး ၀၆၇-၅၉၁၁၈၉ နှင့် ၀၆၇-၅၉၁၂၉၄ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး သတင်းအချက်အလက်များကို ပြည်ထောင်စုလွှတ်တော် Website (www.pyidaungsu.hluttaw.mm) နှင့် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။




Download PDF

Related Posts: