ANDAMAN Capital Partners ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၈

ANDAMAN Capital Partners ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့၏ တွေ့ဆုံဆွေးနွေးပွဲကျင်းပ  နေပြည်တော်၊ ဇန်နဝါရီ ၈

ANDAMAN Capital Partners မှ ကိုယ်စားလှယ်အဖွဲ့သည် ပြည်သူ့ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ အခွန်ပြုပြင်ပြောင်းလဲမှုတို့နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၈-၁-၂၀၁၉ ရက် (အင်္ဂါနေ့) ၁၀၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ကျင်းပသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အာရှပစိဖိတ်ဝိုင်နှင့် အရက်တင်ပို့မှုများ မဟာမိတ်အဖွဲ့ (Asia Pacific International Wine and Spirits Alliance -APIWSA) အနေဖြင့် အခွန်ကဏ္ဍများတိုးတက်စေရန်၊ ကျန်းမာရေးပြသနာများ လျော့ချနိုင်ရန်၊ အရက်တရားမဝင်တင်သွင်းမှုလျော့ချနိုင်ရန် လက်တွေ့ကျသည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌဦးအောင်မင်းနှင့် ပူးပေါင်းကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင်များ၊ ပူးပေါင်းကော်မတီ၏ အကြံပေးများ၊ Legal and Public Affairs မှ Vice-President, Mr.Cyril Sayag၊ Senor Associate, Amara Elvira Buyse၊ ANDAMAN Capital Partners မှတာဝန်ရှိသူများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

Related Posts: