ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်အား စင်္ကာပူသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ၍ စာအုပ်များနှင့် Multimedia ပစ္စည်းများ လှူဒါန်းခြင်း နေပြည်တော် ဇန်နဝါရီ ၃

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်အား စင်္ကာပူသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ၍ စာအုပ်များနှင့် Multimedia ပစ္စည်းများ လှူဒါန်းခြင်း   နေပြည်တော် ဇန်နဝါရီ ၃

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဦးထွန်းထွန်းဟိန်သည် ယနေ့မွန်းလွဲ ၁၅၃၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်ဆောင်၊ မြေညီထပ်၊ ဒုတိယနာယက နားနေခန်း၌ စင်္ကာပူသံအမတ်ကြီး Ms. Vanessa Chan အား လက်ခံတွေ့ဆုံ၍ ပြည်ထောင်စုလွှတ်တော် စာကြည့်တိုက်အတွက် စင်္ကာပူနိုင်ငံဆိုင်ရာ စာအုပ်စာတမ်းများနှင့် Multimedia အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို လက်ခံရယူသည်။

ထိုသို့လက်ခံတွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား၊ နှစ်နိုင်ငံပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များကို အပြန်အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက နှင့်အတူ ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: