၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ နေပြည်တော် ဒီဇင်ဘာ ၁၇

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ   နေပြည်တော် ဒီဇင်ဘာ ၁၇

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုချက်ပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၁၇-၁၂-၂၀၁၈ ရက် (တနင်္လာနေ့) ၁၄၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေခွင့်ပြုချက်ပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာန(၆)ခုမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ကော်မတီဝင်များက မေးမြန်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးစောသန်းထွဋ်၊ ပူးပေါင်းကော်မတီဝင်များ၊ ပူးပေါင်းကော်မတီ၏ အကြံပေးများ၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

Related Posts: