ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Alessandra SCHIAVO အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဒီဇင်ဘာ ၆

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Alessandra SCHIAVO အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဒီဇင်ဘာ ၆

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Alessandra SCHIAVO အား ယနေ့ မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အီတလီ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ယဉ်ကျေးမှု၊ လယ်ယာစိုက်ပျိုးရေး၊ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေမှုများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Related Posts: