ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ နေပြည်တော် ဒီဇင်ဘာ ၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ   နေပြည်တော် ဒီဇင်ဘာ ၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို အစီအစဉ် (၈)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ဒေါ်ကျိန်ငိုက်မန်(ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်-၇) အစား ဦးစိုးမိုး(ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၁) အား ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူသည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၄)ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၃)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၇)ဦးတို့က ဆွေးနွေးပြီးနောက် တစ်ပိုဒ် ချင်းစီအလိုက်အတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး(ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၃) က အဆိုပြုတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံ ရရှိမှုအခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၁/၂၀၁၈)တို့နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၂၀)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၅:၁၅)နာရီ အချိန်တွင် ရပ်နားလိုက်ပြီး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Related Posts: