တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စတုတ္ထအကြိမ် ခေါင်းဆောင်မှု ဆွေးနွေးဖလှယ်ပွဲ ကျင်းပ နေပြည်တော် ဒီဇင်ဘာ ၄

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စတုတ္ထအကြိမ် ခေါင်းဆောင်မှု ဆွေးနွေးဖလှယ်ပွဲ ကျင်းပ   နေပြည်တော် ဒီဇင်ဘာ ၄

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စတုတ္ထအကြိမ် ခေါင်းဆောင်မှု ဆွေးနွေးဖလှယ်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ ၀၉၀၀ နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ လွှတ်တော်သင်ကြားရေး ဗဟိုဌာန၊ အခန်းအမှတ် (၃)၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဟိန် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် UNDP မှ Country Director Mr. Peter Bachelor တို့ကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ခေါင်းဆောင်မှုဆွေးနွေးဖလှယ်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ထုံး လုပ်နည်းများ ပြန်လည်သုံးသပ်ခြင်းနှင့် အားလုံးပါဝင်နိုင်သော လွှတ်တော်လုပ်ငန်းများ စီမံခန့်ခွဲမှု၊ ICT နှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှု၊ မဟာဗျူဟာစီမံကိန်းများ အကောင်အထည်ဖော်မှု လုပ်ငန်းများ၏ တိုးတက်မှုများ၊ ကော်မတီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ တိုးတက်မှုများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး UNDP ၏ ပံ့ပိုးကူညီမှုများအတွက် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ကြသည်။

အဆိုပါ ခေါင်းဆောင်မှုဆွေးနွေးဖလှယ်ပွဲအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးဖလှယ်ပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဟိန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC)မှ လွှတ်တော်ကိုယ်စားလှယ်များ၊ UNDP မှ Country Director နှင့် တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Related Posts: