ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ယူရို သန်း ၇၀ ချေးယူမည့်ကိစ္စနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ နေပြည်တော် ဒီဇင်ဘာ ၃

ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ယူရို သန်း ၇၀ ချေးယူမည့်ကိစ္စနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ   နေပြည်တော် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးတွင် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျောက်ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်း ဆောင်ရွက်ရန် အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (AFD) ထံမှ ယူရို သန်း ၇၀ ချေးယူမည့်ကိစ္စနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေးကို ၃-၁၂-၂၀၁၈ ရက် (တနင်္လာနေ့) ၁၀၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်(D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (AFD) ထံမှ ယူရို သန်း ၇၀ ချေးယူမည့်ကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာအချက်အလက်များအပေါ် ပူးပေါင်းကော်မတီဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှတာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်၊ ဘက်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဝင်များက အကြံပြုမေးမြန်းဆွေးနွေးချက်များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်နီလာကျော်တို့က ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌများ၊ ပူးပေါင်းကော်မတီဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဝင်များ၊ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းကော်မတီ၏အကြံပေးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့်ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: