၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၃၀

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်းသည့်  ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၃၀

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးကို ၃၀-၁၁-၂၀၁၈ ရက် (သောကြာနေ့) ၀၈၃၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ကျင်းပသည်။


အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများ လွှတ်တော်သို့တင်သွင်းနိုင်ရန် ပူးပေါင်းကော်မတီဝင်များက ဆွေးနွေးကြသည်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ၊ ပူးပေါင်းကော်မတီ၏ အကြံပေးများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။


Related Posts: