ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥရောပသမဂ္ဂသံအမတ်ကြီးအား လက်ခံတွေ့ဆုံ နေပြည်တော်၊ နိုဝင်ဘာ ၁၂

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥရောပသမဂ္ဂသံအမတ်ကြီးအား လက်ခံတွေ့ဆုံ နေပြည်တော်၊ နိုဝင်ဘာ ၁၂

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံ အမတ်ကြီး H.E. Mr. Kristian Schmidt အား ယနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မှန်ကန်စွာ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းစဉ်များ အဆင်ပြေချော့မွေ့စေရန် မှန်ကန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts: