ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Christian LECHERVY အား လက်ခံတွေ့ဆုံ နေပြည်တော်၊ နိုဝင်ဘာ ၆

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Christian LECHERVY အား လက်ခံတွေ့ဆုံ နေပြည်တော်၊  နိုဝင်ဘာ ၆

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Christian LECHERVY အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြင်သစ်-မြန်မာ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Related Posts: