ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော်၊ စက်တင်ဘာ ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်မင်း(ဇလွန် မဲဆန္ဒနယ်)က အဆိုတင်သွင်းခြင်း၊ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီးနောက် အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘာထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော သစ်တောဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်(ရခိုင် ပြည်နယ်မဲဆန္ဒနယ် အမှတ်-၄) က ဖတ်ကြားတင်ပြပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၁၇-၉-၂၀၁၈ ရက်(တနင်္လာနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

၂၀၁၈ -၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၇)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့က ဆွေးနွေးသည်။

ထို့နောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို (၁၅:၁၀)နာရီတွင် ရပ်နားလိုက်ပြီး (၂၂)ရက်မြောက်နေ့ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Related Posts: