ပြန်ကြားရေးနှင့် သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ သြဂုတ် ၉

ပြန်ကြားရေးနှင့် သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ   နေပြည်တော်၊ သြဂုတ် ၉

ပြန်ကြားရေးနှင့်သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ပထမထပ်အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ ၂၀၁၈ခုနှစ်၊ လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကနှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် သတင်းမီဒီယာကောင်စီဝင်များ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ၂၀၁၈ခုနှစ်၊ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကနှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် က သတင်းမီဒီယာများ လွှတ်တော်အတွင်း သတင်းရယူရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးနှင့် စည်းကမ်းတကျရှိစေရေးတို့ကို မှာကြားသည်။

ဆက်လက်၍ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစည်းအဝေးသို့တက်ရောက်လာကြသူများက လွှတ်တော်ဝင်းအတွင်း ပြန်ကြားရေး၊ သတင်းရယူရေးဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စနစ်တကျနှင့် ပိုမိုအဆင်ပြေ စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

Related Posts: