၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ နေပြည်တော် ဩဂုတ် ၉

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ   နေပြည်တော် ဩဂုတ် ၉

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းတို့နှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးကို ၉-၈-၂၀၁၈ ရက် (ကြာသပတေးနေ့) ၁၄၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်(D-ဆောင်) ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေး၌ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင်များက မေးမြန်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပူးပေါင်းကော်မတီဝင်များ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အကြံပေးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts: