အာဟာရမြှင့်တင်ရေးလှုပ်ရှားမှု Scaling Up Nutrition (SUN) Movement ဆိုင်ရာဆွေးနွေးပွဲ ကျင်းပ နေပြည်တော်၊ ဩဂုတ် ၇

အာဟာရမြှင့်တင်ရေးလှုပ်ရှားမှု Scaling Up Nutrition (SUN) Movement ဆိုင်ရာဆွေးနွေးပွဲ ကျင်းပ   နေပြည်တော်၊ ဩဂုတ် ၇

 ပြည်ထောင်စုလွှတ်တော်ကကြီးမှူး၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုလသမဂ္ဂကလေးများ  ရန်ပုံငွေအဖွဲ့(UNICEF)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့ ပူးပေါင်းကျင်းပသော အာဟာရမြှင့်တင်ရေးလှုပ်ရှားမှု Scaling Up Nutrition (SUN) Movement ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နေ့လယ် ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း၊ သဘင်ဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း နှင့် အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ Nutrition Specialist ဒေါက်တာကျော်ဝင်းစိန်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ National Professional Officer ဒေါက်တာမျိုးပိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် “အာဟာရနှင့်အားကစား” ၊“အာဟာရနှင့် ဖွံ့ဖြိုးတိုးတက်မှု”၊ “မြန်မာနိုင်ငံ၏ အာဟာရအခြေအနေ” နှင့် “အာဟာရ မြှင့်တင်ရေးလှုပ်ရှားမှု” ခေါင်းစဉ်များဖြင့်ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မေးခွန်းများ မေးမြန်း၍ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပြီး ၁၇၃၀ နာရီခန့်တွင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်။

Related Posts: