ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Zahairi Baharim အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဇူလိုင် ၁၂

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း   မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Zahairi Baharim အား   လက်ခံတွေ့ဆုံ   နေပြည်တော်၊ ဇူလိုင် ၁၂

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H. E. Mr. Zahairi Baharim အား ယနေ့ ၁၃၀ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံလွှတ်တော်၏ ဥပဒေပြုရေး၊ လွှတ်တော်ချင်း ပိုမိုခိုင်မာစွာ ဆက်သွယ်ဆောင်ရွက်ရေး၊ စီးပွားရေး နှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Related Posts: