ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဇူလိုင် ၅

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း   မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အား လက်ခံတွေ့ဆုံ   နေပြည်တော်၊ ဇူလိုင် ၅

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အား ယနေ့ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံလွှတ်တော်များ၏ လုပ်ငန်းစဉ်များ၊ ကော်မတီများ၏ ဆောင်ရွက်ချက်များ၊ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးမှု အခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Related Posts: