အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီအစည်းအဝေး (၁၁/၂၀၁၈) ကျင်းပ နေပြည်တော် ဇွန် ၂၆

အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီအစည်းအဝေး (၁၁/၂၀၁၈) ကျင်းပ   နေပြည်တော် ဇွန် ၂၆

အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီအစည်းအဝေး (၁၁/၂၀၁၈) ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်၊ ၁၀၀၀ နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ အပေါ်ထပ်၊ လွှတ်တော်သင်ကြားရေးဗဟိုဌာန၊ အခန်းအမှတ် (၇) ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ JCC အဖွဲ့ဝင် ဒေါ်အေးအေးမူ ၊ ဦးတင်အောင်ချို တို့နှင့် ပူးပေါင်းကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေး တွင် ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ ပူးပေါင်းကော်မတီဝင်များ၊ JCC အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် ဦးတင်အောင်ချို တို့က (၃၉) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံတွင် ကော်မတီအလိုက် ဆွေးနွေးရန် လျာထားသည့် အကြောင်းအရာ ခေါင်းစဉ်များနှင့်လေ့လာသူ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးရန် ခေါင်းစဉ်ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့သည်။ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနောက်တစ်ကြိမ် အစည်းအဝေး (၁၂/၂၀၁၈) အား ၁၂-၇-၂၀၁၈ ရက် (ကြာသပတေးနေ့) တွင် ကျင်းပမည် ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့သည်။


Related Posts: